hover animation preload

လူပျိုဟစ်သံ...........
by ဇီဇာ in


ပြောချင်ဘူး
ပျိုကညာ ငြိုငြင်မှာစိုးရတယ်...
စိုးစိတ်ကပို..။
လမင်းရယ်မသာ...
အမှောင်မှာ...အမှာင်ဆင့်ပါလို့..
မဲပြောင်နေတဲ့ ကြားက ...
မီးက ပျက်သေး..။
အဲဒီ အချိန် တကာလမှာပ
ဒီမောင်တစ်ကျိပ်ရယ်ကာဖြင့်..
ဂီတာကို..ဖော်ကောင်လုပ်ရင်း..
ပျိုကညာ စံမြန်းရာ.....
အဆောင်တော်...တစ်ဘောင်ကျော်လမ်းမှာပ
ပျိုကညာ အလိုကျဖို့ရေး..
လေးဖြူ..မျိုးကြီး...အငဲရယ်နဲ့..
နော်နော ပါ မကျန်ရလေအောင်..
အသံကုန် ဟစ်အော်ကာဖြဲ
ဆွဲလိုက်မယ်လေး.....။
ဒီချိန်မှာ..ပျိုကညာကတော့ဖြင့်
စောင်ခြုံကာ...စက်တော် ခေါလို့ရယ်..
ဆင်အော်တောင် သူမနှိုးပါဘူး..
အိပ်ချက်ကယ်....ထူး..။
ဒီမောင်မှာအာခေါင်ခြေက်ရင်း
ရေကြည်တောင် မစွန့်ကြဲတာမို့
စိတ်လျှော့ကာ ခေါင်းငိုက်စိုက်လို့ရယ်..
သန်ခေါင်ကျော် အိမ်ပြန်ရတာမို့
အာရုံချိန် နေဖင်ထိုးကာမှ...မယ်မယ်ရယ်ဆူညံပွက်တာမို့
အိပ်ယာက ထ..။
ပျိုကညာ ဒါကို..မသိရင်လည်း..
ပြော.....ပြောချင်တော့ဘူး...။

0 comments:

Post a Comment