hover animation preload

ကြီးကြီး ကျယ်ကျယ်များ
by ဇီဇာ in

ကြီးကြီးကျယ်ကျယ်...စကားပြောမယ်..
ကြီးကြီးကျယ်ကျယ်....အိပ်မက်..မက်မယ်
ကြီးကြီးကျယ်ကျယ်....ရီးစားထားမယ်..
ကြီးကြီးကျယ်ကျယ်......အစား..စားမယ်
ကြီးကြီးကျယ်ကျယ်....သီချင်းရေးမယ်..
ကြီးကြီးကျယ်ကျယ်...ကဗျာစပ်မယ်..
ကြီးကြီးကျယ်ကျယ်.....အပေါင်းသင်းနဲ့..လက်ဖက်ရည်ဆိုင်ထိုင်မယ်...
ကြီးကြီးကျယ်ကျယ်.....ချိုဆိမ့် half တစ်ခွက်သောက်မယ်..
ကြီးကြီးကျယ်ကျယ်......မိုးလင်းခဲ့တယ်.....
ကြီးကြီးကျယ်ကျယ်....မျက်နှာသစ်တယ်..
ကြီးကြီးကျယ်ကျယ်......သွားတိုက်ဆေးနဲ့ တိုက်တယ်..
ကြီးကြီးကျယ်ကျယ်......ကောင်မလေးအကြောင်းတွေးမယ်..
ကြီးကြီးကျယ်ကျယ်..လမ်းလျှောက်ထွက်ထွက်တယ်.
ကြီးကြီးကျယ်ကျယ်..ညှပ်ဖိနပ်ကို..စီးထားတယ်
ကြီးကြီးကျယ်ကျယ်..အဒေါ်ကြီးတစ်ယောက်က နှုတ်ဆက်တယ်
ကြီးကြီးကျယ်ကျယ်..ဈေးက..ကြီးကြီးကျယ်ကျယ် ကန်စွန်းရွက်..၀ယ်လာတာတွေ့တယ်
ကြီးကြီးကျယ်ကျယ်....မန်ယူက..ashal young ကို ၀ယ်တယ်
ကြီးကြီးကျယ်ကျယ်.....နေ့လည်စာ..စားတယ်..
ကြီးကြီးကျယ်ကျယ်......ငပိရည်နဲ့..တို့စရာ...
ကြီးကြီးကျယ်ကျယ်.....အသည်းကွဲအရသာ....ခံစားလို့
ကြီးကြီးကျယ်ကျယ်.....ဆေးလိပ်လက်ကြားညှပ်လို့...
ကြီးကြီးကျယ်ကျယ်......video ကား..ထိုင်ကြည့်လို့..
ကြီးကြီးကျယ်ကျယ်.....အော်ရီရင်း..ကြီးကြီးကျယ်ကျယ်..မျက်ရည်လယ်လို့.
ကြီးကြီးကျယ်ကျယ်.....vakok game ဆော့ရင်း...ကြီးကြီးကျယ်ကျယ်..gtalk..ပြောလို့
ကြီးကြီးကျယ်ကျယ်......အိမ်ပြန်နောက်ကျလို့...
ကြီးကြီးကျယ်ကျယ်..အမေရဲ့ အဆဲခံရ..ရင်း.
ကြီးကြီးကျယ်ကျယ်...အိပ်ယာဝင်လို့..
ကြီးကြီးကျယ်ကျယ်.......စောင်ခြုံကွေးလို့..
ကြီးကြီးကျယ်ကျယ်...အိပ်ပျော်ရင်း......
ကြီးကြီးကျယ်ကျယ် ..နောက်တစ်ရက်ကို.......
ကြီးကြီးကျယ်ကျယ် ..စိတ်ကူးတွေနဲ့...
ကြီးကြီးကျယ်ကျယ်.........မိုးလင်းပစ်ဖို့အတွက်.....
ကြီးကြီးကျယ်ကျယ်..တွေပဲ.........ရေးမိခဲ့ပါတယ်......။

0 comments:

Post a Comment