အိုး...............ဘရားသခင်
ကျွန်ုပ်၏ ရင်းထဲတွင် အဆိပ်တို့ဖြင့် အတိပြီးကုန်၏
အရာရာကို နားလည် , သဘောပေါက် ချင့်ချိန်မိခဲ့ပြီ
စစ်မှန်သော အကျွန်ုပ်၏ ချစ်ခြင်းသည် အခိုးအငွှေ့ တို့ဖြစ် ကုန်လေအံ့
“အရမ်းချစ်တယ်” ဟု ထပ်ခါ ထပ်ခါ ရိုးသားစွာ ပြော မိခြင်းသည်ပင်
အကျွန်ုပ် လည်ပင်းတွင် လာစွပ်သော ကြိုးတစ်ချောင်း ဖြစ်စေအံ့
အလွန်မိုက်မဲသော ကိစ္စတစ်ခုအား.....ရိုကျိုးစွာပြီးမြောက် စေသောဝ်
“ထိုဥယျာဉ် ထဲ ရှိသမျှသော သစ်ပင် တို့၏ သစ်သီးတို့ကို စားသုံးပါစေ.....
သို့သော် ထိုဥယျာဉ်ရှိ တားမြစ်ထားသော ထိုအသီးအား....ဆိုင်းငံ့ပါ” မစားသုံးသင့်သေးပေ
ရင်တွင်း မီးတောက်တို့သည် ပူပြင်းလှချေပါ၏
ထိုသူမကို ချစ်မိခဲ့ပါသည် ထိုကြောင့် ကျိုးနွံစွာဖြင့်
ထိုသူငယ်မ၏ ခြေရင်းတွင် ၀ပ်တွား ဦးညွတ် ပါ၏
အကျွန်ုပ်သည် မှန်ကန်သော သစ္စာ စကားကို ဆိုပါအံ့
“ထိုသူမကို ချစ်ခဲ့သော ကျွန်ုပ်၏ ချစ်ခြင်းသည် မသန့်ရှင်းခဲ့ပါက
ကျွန်ုပ်၏ ပါးစပ်တွင်းမှ နှလုံးသွေးတို့သည် ပွက်ပွက် အံပါစေ
ကျွန်ုပ်၏ ဘယ်ဘက်ရင်အုံသည် စိစိညက်ညက်ကြေပြီး ပြင်းထန်စူးအောင့်မှုဖြင့် အသက်ထွက်ပါစေ
တားဖြစ်ထားသော သစ်သီးအား စားသုံးမိခဲ့ပေပြီ
ထိုသူငယ်မ၏ ရင်တွင်းအကျွန်ုပ်၏ ချစ်ခြင်းဖြင့် အတိလင်းလက်ပါစေ
တားမြစ်ထားသော ထိုသစ်သီးအား စားသုံးမိခဲ့ပါသည်
ထိုသူငယ်မ၏ နှလုံးသားအား အချစ်တို့ဖြင့် အတိ ပြီးစေအံ့
ထိုသူငယ်မအား.....အကျွန်ုပ်၏ နံရိုးဖြင့် ဖန်ဆင်းပေးတော်မူပါ
အိုး..........ဘုရားသခင်.....................
ထိုသူငယ်မအား..............ချစ်ခြင်းသည် ကောင်းမွန်ပျော်ရွှင်ခြင်းဖြစ်ပါစေ။
4 comments:
ဖတ်သွားတယ်နော့အားပေးလျှက်ပါ
ချစ်တယ်ဆိုတဲ့ စကားလုံးကလဲ ဘုရားသခင်ဖန်ဆင်းခဲ့တာမူ၏
ဇီဇာရဲ့ ကဗျာလေးကို စိတ်ဝင်စားစွာနဲ့ဖတ်ခဲ့ပါတယ်နူးညံ့တဲ့ အချစ်ကဗျာကောင်းလေးပါပဲ
တရားတော်နဲ့လဲညီစေတယ်
ခင်ခင်မင်မင်
jasmine
ကောင်းတယ်သူငယ်ချင်းလေးရေ
Post a Comment