hover animation preload

ရင်ဘတ်ထဲက လွိုင်လင်...(၂)
by ဇီဇာ in

ဆယ့်နှစ်ရာသီ...အတွန့် အခေါက်တွေနဲ့
စိတ်ကူးနဲ့ အူမြူးနေတဲ့မြို့                                       
အတတ် အဆင်း အကောက်ကွေ့တွေနဲ့
ဇါတ်လမ်းဆင်ထားတဲ့ မြို့
ဘီးလူးဆိုင်း မတီးတတ်တဲ့မြို့.......။
စီးဆင်းမြဲ တည်ငြိမ်အေးချမ်းမှု ရိုးရား
ဒီဘက်ရာစုတွေမှာ နည်းနည်းလေး ဆူညံ လှုပ်ရွလာတာက လွှဲလို့
ကျောရိုးဆန့် လဲလျှောင်း သမ်းဝေမြဲ
ဘာသားနဲ့ပဲ ထုထု မူမပြောင်းတဲ့ ပုံဆောင်ခဲ
ကြယ်တွေတောင် မကြွေရဲတဲ့ မြို့။

မန်ယူ အချစ်တော်တွေ များများ ရှိနေတဲ့မြို့

ကိုယ်ထင်ရာ ကိုယ် စိုင်း စစ်ကိုင်းရောက်ရောက်
လွိုင်လင်သားကွ လို့ ဂုဏ်ယူခံရတဲ့မြို့
ကိုယ့်လှေ ကိုယ်ထိုး ပဲခူးရောက်ရောက်
လွိုင်လင်သားကွ လို့ ကြွေးကြော်ခံရတဲ့ မြို့။
အဖေအောင်းဆန်းနဲ့ တောင်တန်းတွေ သိတဲ့
ပင်လုံကျောက်တိုင်နဲ့ အနေနီးတဲ့ မြို့
အမြဲတမ်း သွေးအေးနေတတ်တဲ့မြို့။

0 comments:

Post a Comment