hover animation preload

အချစ်က ယောင်းမမြင်းစီးပြီး ထွက်သွားတယ်....!!!
by ဇီဇာ in

မေ့မရပါဘူးဗျား..........
အတိတ်ဆိုတာ ခ၀ါချလို့ ရကောင်းတာမှမဟုတ်တာ
နှလုံးသားတွေနဲ့ ရင်းခဲ့တာပါ
စီရင်ချက်ချတာ မှားတယ် ကံတရားရ
အဆိပ်တစ်ခွက်သာ ချပေးပါလား....
မော့သောက်ပြီး ရူးမိုက်ပြလိုက်မယ်
ချစ်တတ်တာ ကလေးကလားဆန်တယ်လို့.....။

အသည်းကွဲ မနက်ခင်းများ
နေမြင့်နေတဲ့ အရူးရင့်ရင့်များ
နေ၀င်သွားတဲ့ ချစ်ခြင်းများ
နေ့တိုင်း ငါ ပြာကျခဲ့ရတယ်
မီးလောင်ရာလေပင့် ချစ်သူ နှုတ်ခမ်းများ
လေပြေဆိုရင်တောင် ငါ့ရင်ဘတ်တွေ နာတယ်......။

အတိုင်းအဆမဲ့ လမ်းခွဲမှာ
ကျောခိုင်း ဓါးကိုင် .........
ဒါပေမယ့် နောက်ကျောကိုတော့ မထိုးကြေး
ရင်ဖွင့်ထားပါတယ်......
ငါ့ကို အဆုံးစီရင်ချင်ရင်....
နှလုံးသားအလယ် ဗဟိုတည့်တည့်ကိုသာ
ဓါးသွားတစ်ဆုံး ထိုးချလိုက်....
ငါ အပြုံးမပျက်ဘူး.......။

နေ့စဉ် ရက်ဆက် အချစ်က ပြဿဒါး
မုဆိုးသွေးအန်ကိန်းနဲ့ တိုးနေတယ်
ရင်ဘတ်ဟောင်းလောင်းထဲ အစွန်းထင်း ပြက်လုံးက
ချစ်ပြီးရင် မမုန်းချင်ဘူးတဲ့......
ကဲဗျား..........
အချစ်က ယောင်းမမြင်းစီးပြီး ထွက်သွားတယ်
ဘာပြောရတော့မှာလည်း..........
ကိုယ့်ကိုကိုယ် ဖြားယောင်ပြီးတော့
သွေးဆောင်လိုက်ပါတယ်......
အချစ်နဲ့ အမုန်းက........
ဖအေတူ အမေကွဲလို့.....
နားလည်ပေးလိုက်ပါတယ်......။

2 comments:

အောင်အောင် said...

Good...တယ်ဗျာ... လာရောက်ခံစားသွားပါတယ်...လင့်လေးလည်း ယူသွားပြီးချိတ်လိုက်တယ်ဗျို့...!

ဘိုဖြူ said...

အချစ်နဲ့ အမုန်းက........
ဖအေတူ အမေကွဲလို့.....
နားလည်ပေးလိုက်ပါတယ်-------တဲ့လားဗျာ

Post a Comment