hover animation preload

ပြဇါတ်မဲ့ ကကွက်
by ဇီဇာ in

စိတ်...၀င်စားမှု...အနည်းငယ်
ဒီနေ့ ငါတို့..ပြောကြတာ..
မနက်ဖြန်မှာ....အရောင်ပြောင်းတယ်..
အလေးနက်ဆုံးဆိုတာတွေ့ နဲ့ ပေါ့ပါးပစ်ရတာ....ရင်နာစရာပေါ့..
ကလေးတစ်ယောက်...ပြီးတော့.....
ဘာမှမသိတဲ့ ......ဆယ်ပြားလို...
အပူပင်တွေ ကို....ရေနဲ့ နယ်ပြီး...
မုန့်လုပ်တမ်းကစားနေကြပုံ..
ကျွန်တော်..မနာလိုဘူး...
ခေါင်ရွက်ဈေးသည်လို...
ဟော့ဒီ...သေးတိမ်ခြင်းကို....ရွာရိုးကိုးပေါက်..
လျှောက်ရောင်းလိုက်ချင်တာ.....ဗျ..
မလိုတာတွေက...ဖြစ်တည်မှုအင်အားကြီးမားစွာ...
ငါ့အခန်းထဲမှာ.....ဟိုနားချိတ်..ဒီနားချိတ်..တိုးလို့တန်းလန်း..
အရောင်တင်....သာယာမှုများ.....
ဟန်ဆောင်မောင်းတင်.....အပြုံးတု...လှိုင်းများ...
ငါ့ကို...ချွေချပစ်မယ့်......ကျောသပ်တဲ့ လက်များ..
တစ်ကယ်တမ်း......သွေးထဲ ပိုက်ဆံ စိမ်တော့....ကျဲတယ်...
ကိုလေးဖြူလိုပဲ အော်ချင်တော့တယ်....(မသေချာဘူး...မရေရာဘူး...)
ကိုရွှေမျောက်ကို...ခြောက်ပြခိုင်းဖို့ အတွက်..မွေးရအုန်းမယ်..
နောက်ကျောစိုက်ဓါးတစ်လက်...
သွေးစိမ်းရွှင်ရွှင်ထွက်....ယုံကြည်မှု ခပ်ပါးပါး...
သနပ်ခါး ..ပါးကွက်ကြား လိမ်းထားတဲ့ ကလေးမ...
အားလုံးရဲ့ အလယ်မှာပျောက်သွားတဲ့..ငါ့ မူပိုင်တံခါးပေါက်များ
ဘာသားနဲ့ထုထားတာလည်း......မဗေဒါ....
ဘာဗေဒစကားနဲ့...ပြောထားတာလည်း....ဦးတင်ရီ...
ဘာကိန်းနဲ့ တွက်ထားတာလည်း.....မောင်ချောနွယ်....
ဟော့ဒီဘ၀ကို...ဖင်ပြန်ခေါင်းပြန်...လှန်ကြည့်ဖို့...
ပုံသေနည်း မဟုတ်တဲ့.....မှန်ဘီလူး..ကောင်းကောင်းတစ်လက်..
အစအဆုံးပြောရရင်....
အဆုံးက....ဘာနဲ့ပြီးသွားမလည်း....
ပြန်ပြန်မေးနေရတာနဲ့...
အချိန်တွေ.......နည်းနေပါပြီ....
ကိုယ့်ကိုကိုယ်......နမူနာကြည့်ဖို့....
အမေ......
ပြဇါတ်တစ်ပုဒ်....
ခင်းပေးပါ.....။

0 comments:

Post a Comment