မျက်စိ........
နှာခေါင်း....
ပါးစပ်........
နားရွက်........
ခြေ..လက်...အာရုံခံ.......
နာစရာရှိတာ..နာ.....သာစရာရှိတာ...သာ..။
ကိုယ်စိုက်တဲ့အပင်...
ကိုယ်ပြန်ခုတ်လိုက်ရုံ....
ကိုယ်မွှေးတဲ့မီး....ကိုယ်ပြန်ငြိမ်းသက်ရုံ....
ကိုယ့်ဇါတ်ကို..ကိုယ် နိုင်အောင်...
မီးစင်ကြည့် ကတဲ့ ဘ၀မျိုးနဲ့....
ငါ့မှာ..ထိုးကျွေးလိုက်ရတာ.
အခုဆို...ယဲ့ယဲ့ လေးပဲ ကျန်တော့တယ်...။
ချိုချိုလေးနဲ့ ..ငါ့ကို..နားချ..
ပါးပါးလှီးသွားကြသူများ....
ကျေးဇူးတရားနဲ့...ကိုင်ပေါက်ပြီး...
ငါ့ကို...၀ိုင်းသမ ကြသူများ.......။
ဘယ်အဘိဓမ္မာကျမ်းမှာမှ...
မရှိဖူးတဲ့...ခေတ်သစ်..လူ့ဘောင်သတ်မှတ်ချက်များနဲ့
ငါ့ကို..တံဆိပ်ကပ်ချင်သူများ....
မျက်စိ ...အထင်သေးတဲ့ အကြည့်နဲ့ ကြည့်ဖို့လား
နှာခေါင်း.....လူတစ်ယောက်ရဲ့..ညှော်နံ့ ကို..ခံဖို့လား...
ပါးစပ်........အတင်းပြော..မတရားပြောဖို့လား
နားရွက်......သူများမကောင်းကြောင်း နားစွင့်ဖို့လား
ခြေ..လက်......ခိုက်ရန်ဒေါသဖြစ်ဖို့..လက်ညှိုးထိုးဖို့လား...???
သေရင်ပုပ်ပွသွားတဲ့..အရာတွေနဲ့.....
လူဟာ...လူကို စီးပြီး......
စီးချင်းထိုးနေကြတာ.......
အနိစ္စ.....ဒုက္ခ....အနတ္တကို....
မေ့ကြတော့မှာလား.....။
0 comments:
Post a Comment