hover animation preload

ပြောပြီး မော.........
by ဇီဇာ in


မြင့်မြင့်ကြံ...
မြန်မြန်ကျင့်...
လုပ်ချင်တာတွေ..
လုပ်သင့်တာတွေထက်...
လုပ်ဖြစ်နေတာကို....ပိုလုပ်ဖြစ်ရင်း..
အလုပ်ကိုဖြစ်ရော....
သူပြော..ငါပြောများလွန်းတဲ့
အ၀ယ်လိုက်စကားများ...
အကျယ်တ၀င့် ရှင်းပြဖို့ ခက်တယ်..
မေးခွန်းတွေ..
ပုံသေနည်း လူ့ပတ်ဝန်းကျင်တွေ..
ဆန်ရင်းနာနာဖွတ်ရင်း..
ဆန်ကွဲ အဖြစ်ခံတွေ..
ဘာမှန်းမသိ..ညာမှန်းမသိ..
မေ့ပစ်ခဲ့ရတာတွေ...
ဟောဒီဘ၀ကို....
ကကြီးကနေ..အ..အထိ
အလွတ်မရတော့ဘူး...
ပြောပြောပြီးမောတယ်..
မောမောနဲ့လည်း...ပြောရတယ်
ခဏနားခွင့်ပေးပါ....
ခဏနားခွင့်....ပြုကြပါ.....။

0 comments:

Post a Comment