hover animation preload

တစ်ရက်ပြီးမှ လာတဲ့ နောက်တစ်ရက်
by ဇီဇာ in


အေးဆေးလေးပဲနေ....ပါ..
လာခဲ့ပါ့မယ်....
ကုန်ကုန်ပြောရရင်....အခန်းဆက်ဆိုတာကြီးကို မုန်းတယ်...
ဒီကိစ္စ..တစ်ခါတည်းဖြတ်ခဲ့လို့ ရမလား....
မဗေဒါလောက်....ပေးဆပ်ချင်ရင်...မဗေဒါလောက်..ခံယူတတ်ရမှာပေါ့
မနေ့က အကြောင်းတွေ..ခေါင်းထဲ ထည့်...
ဒီနေ့က...ရာရာစစ....ပိုပြီးမှ....မလေးနက်နေပါဘူး...
တန်းလန်းပါလာတဲ့...အတိတ်က....ထားခဲ့လို့မှမရတာ...
ဘာကြောင့်များ..မေ့ခဲ့ချင်ကြတာလည်း..
အဟောင်းကို ...ပစ်ပယ်နေသရွှေ့..အသစ်ဆိုတာနဲ့...ဘယ်တော့မှ..ခင်ဗျားတစ်ထပ်တည်းကျမှာမဟုတ်ဘူး
ဒီနေ့ဆိုတာကို ခင်ဗျားလက်ခံထားမယ့်အစား..
နောက်တစ်ရက်ဆီကို..
ကြိုသွားလိုက်ပါလား.......
ရောက်နှင့်နေပါတယ်.......ကျွန်တော်တို့ ကသာ..နောက်ကောက်ကျခဲ့တာပါ..
တွေးပြီးမှ.....ထမလုပ်ခဲ့တာဗျ....
အပြောင်းအလဲလေး..တစ်ခုက..
နေရောင်ကို ....ပိုပြီး..ချုံ့ ပစ်လိုက်ကြတဲ့ ကိစ္စပါပဲ..
နေ့သစ်တွေ......မိုးမလင်းသေးဘူး...အိပ်အုန်း...
လာခဲ့ပါကွယ်....မြောက်လေနဲ့အတူ...
စက်ရုပ်တွေလိုတော့..မလေးလံစေနဲ့ပေါ့...
ရုတ်တရက်ဆိုတော့......မနက်ဖြန်က.ရင်ဆိုင်ဖို့ ခက်နေလိမ့်မယ်...
ပြီးတော့လည်း....ဘာမှမဟုတ်တော့ပါဘူး...
ဒီနေ့လိုပါပဲ....သက်တောင့်သက်သာ....
ပါးပါးလေးပဲ...စီးဆင်းသွားကြရစမြဲပါ..
ရေးကြီးခွင်းကျယ်.....တွေဆိုတာကလည်း...
မနက်ဖြန်မှာကျန်ခဲ့ ကြပြီလေ....
ကျွန်တော်တို့..က မနေ့ ကပြီးမှလာတဲ့ .ဒီနေ့....ဒီနေ့ပြီးမှ ..ရောက်မယ့်..မနက်ဖြန်တွေကို...
အကြောင်းကြောင်းကြောင့်.......ညီမှခင်းထိုါ်ကြည့်ကြရအောင်...။

0 comments:

Post a Comment