မထင်မှတ်တဲ့ ထောင့်က
မထင်မှတ်တဲ့ ပြယုဒ်များ
မထင်မှတ်တဲ့ သံသယဓါးချက်များ
မထင်မှတ်တဲ့ မိုက်မဲခြင်းတွေနဲ့
ငါ့တို့ ရင်ထဲ ကဗ္ဗည်းတင်မယ့်
ချစ်ခြင်းတွေ............
ခုတော့ ရက်ရက်စက်စက်ကို
အပျက်ပျက်နဲ့ သွေးထွက်ကုန်ပြီ
ချစ်သူရေ............
ချောကလက်တွေလည်း အဆိပ်တွေတတ်ကုန်ပြီလား......?
နားလည်မှု အကွက်ရွေ့နီတိထဲ
ငါတို့ အသည်းတွေ ဟက်တက်ကွဲ
ငါတို့အမြင်တွေ တိမ်းစောင်းနေကြတယ်
ငါ့တို့အထင်တွေ ပွန်းပဲ့နေကြတယ်
ငါတို့ရင်ခုန်သံတွေ အေးခဲသွားကြတယ်
နင်စခဲ့တာလား ငါစခဲ့တာလား...?
မရေရာ မသေချာတဲ့ ထင်ကြေးဓါးတွေကို
ဆွဲကိုင် မာန်တတ်ခဲ့ကြတယ်
နင်......ပြန်တွေးကြည့်လိုက်ပါ
ငါတို့တွေက.........
ကိုယ့်ရင်ဘတ်ကို ကိုယ်တိုင်
ပြန်နင်းချေပစ်ခဲ့ကြတာ မဟုတ်လား.....။
မှတ်တမ်းဝင်ခဲ့တဲ့ ရက်စွဲ
14.2.2012 .......
ပစ်ပစ်နစ်နစ်ကြီး ကြေကွဲခဲ့ရတယ်
ခံနိုင်ရည် သုညအောက် ဒီဂရီနဲ့
အသည်းတခြမ်း ဆုံးရှုံးမှု
ရာဇ၀င်မတွင်ပေမယ့်
ငါ့ရင်ဘတ်ထဲ စာတင်ခဲ့ပါတယ်
ဘယ်သူမှ မသိလိုက်တဲ့....
အဖြစ်အပျက် လတ်လတ်ဆတ်ဆတ်ထဲ
ဘောင်မ၀င်တဲ့ မျက်ရည်စက်
ရင်ဘတ် အတွန့်အကြေနဲ့
ချစ်သူရဲ့ ခ၀ါချခံရတဲ့ ရင်ဘတ်
သေရာပါ..............
ဒါဏ်ရာဒါဏ်ချက်တွေ တံဆိပ်ခတ်
အစိမ်းလိုက်ကြီး ရိုက်နှိပ်သွားတယ်........။
မထင်မှတ်တဲ့ ပြယုဒ်များ
မထင်မှတ်တဲ့ သံသယဓါးချက်များ
မထင်မှတ်တဲ့ မိုက်မဲခြင်းတွေနဲ့
ငါ့တို့ ရင်ထဲ ကဗ္ဗည်းတင်မယ့်
ချစ်ခြင်းတွေ............
ခုတော့ ရက်ရက်စက်စက်ကို
အပျက်ပျက်နဲ့ သွေးထွက်ကုန်ပြီ
ချစ်သူရေ............
ချောကလက်တွေလည်း အဆိပ်တွေတတ်ကုန်ပြီလား......?
နားလည်မှု အကွက်ရွေ့နီတိထဲ
ငါတို့ အသည်းတွေ ဟက်တက်ကွဲ
ငါတို့အမြင်တွေ တိမ်းစောင်းနေကြတယ်
ငါ့တို့အထင်တွေ ပွန်းပဲ့နေကြတယ်
ငါတို့ရင်ခုန်သံတွေ အေးခဲသွားကြတယ်
နင်စခဲ့တာလား ငါစခဲ့တာလား...?
မရေရာ မသေချာတဲ့ ထင်ကြေးဓါးတွေကို
ဆွဲကိုင် မာန်တတ်ခဲ့ကြတယ်
နင်......ပြန်တွေးကြည့်လိုက်ပါ
ငါတို့တွေက.........
ကိုယ့်ရင်ဘတ်ကို ကိုယ်တိုင်
ပြန်နင်းချေပစ်ခဲ့ကြတာ မဟုတ်လား.....။
မှတ်တမ်းဝင်ခဲ့တဲ့ ရက်စွဲ
14.2.2012 .......
ပစ်ပစ်နစ်နစ်ကြီး ကြေကွဲခဲ့ရတယ်
ခံနိုင်ရည် သုညအောက် ဒီဂရီနဲ့
အသည်းတခြမ်း ဆုံးရှုံးမှု
ရာဇ၀င်မတွင်ပေမယ့်
ငါ့ရင်ဘတ်ထဲ စာတင်ခဲ့ပါတယ်
ဘယ်သူမှ မသိလိုက်တဲ့....
အဖြစ်အပျက် လတ်လတ်ဆတ်ဆတ်ထဲ
ဘောင်မ၀င်တဲ့ မျက်ရည်စက်
ရင်ဘတ် အတွန့်အကြေနဲ့
ချစ်သူရဲ့ ခ၀ါချခံရတဲ့ ရင်ဘတ်
သေရာပါ..............
ဒါဏ်ရာဒါဏ်ချက်တွေ တံဆိပ်ခတ်
အစိမ်းလိုက်ကြီး ရိုက်နှိပ်သွားတယ်........။
0 comments:
Post a Comment