hover animation preload

ပြတင်းပေါက်က လွတ်ကျသွားသော ခန်းဆီးစများ.............
by ဇီဇာ in

အဲ့ဒီလိုနဲ့.........
နေ့ရက်တစ်ရက် မဖမ်းဆုပ်နိုင်ခဲ့ဘူး
နေပူတယ် ရင်ပူတယ် မျက်စိပူတယ်
ပြီးတော့ ငါ့ဝမ်းပူတယ်......
အကြမ်းမခံနိုင်တဲ့စိတ်က
အစမ်းသပ်ခံ.........
တခါတလေ သေးသေးတင် မခံချင်ဘူး
အဲ့ဒီလိုနဲ့ ...........
ခန်းဆီးစများ အံသေကုန်ပြီ.........။
ခရမ်းရောင် ခေါင်းလောင်းပန်းတွေ
ဇေါက်ထိုးမိုးမျှော်နေကြ......
စာကလေးငှက်တွေ အော်ကြီးဟစ်ကျယ်
နဘေးမှာလာထိုင်ပြီး ...
ဘာတွေ ပြောပြာနေတာလည်း သူငယ်ချင်း
ငါ့ရဲ့မပြောပစ်တဲ့ အသက်ရှုသံတွေ
နားလည်ပေးနိုင်ရဲ့လား.....?
ကိုယ့်စိတ်ကို ကိုယ်ပြန်ခိုးပြီး
ပြုံးပြနေခဲရတာပါ ....
မင်းရဲ့ ကိုယ်ကျင့်တရားကို
ငါဆွဲမဖွင့်ချင်ဘူး.........
နားအေးပါးအေးလေးပဲ
ငါဆို့ ငေးမောကြတာပေါ့.......။
ငါမှ သူမဟုတ်တာဆိုတဲ့ စကားလုံးမျိုး
ညီမလေးတွေ သုံးနှုန်းနေကြတာ မြင်ဖူးတယ်
သူကကော.......?
ငါ ဟုတ်နေလို့လား.........
တစ်ကယ်ဆိုရင် ဘယ်သူကမှ ဘယ်သူ ဟုတ်မနေပါဘူး
နဂါးငွှေ့တန်း သက်ပြင်းချသံတွေနဲ့
နဂါးဆန်ဆန် အမောက်ထောင်နေကြတာပါ..........။
လူသားအားလုံးကို လေးစားပါတယ်ဆိုတဲ့
ကိုယ့်ကိုကိုယ်ပါ ထည့်လေးစားနေတာမျိုး
နားခါးတယ်.....အချဉ်ပေါက်တယ်
၀၀စား.....ဝေးဝေးရှောင် ....၀ါးတားတား
နောက်ဆုံး ၀က်ဝက်ကွဲစိတ်များ
ကိုယ်ထင်ရင် ကုတင်ရွှေနန်းကြီးပဲ အားလုံး.......။
မကောင်းတတ်လို့ စောင်းခတ်ပြတဲ့အခါ
ကျွဲပါးစောင်းတီးဖြစ်လာတယ်.....
လမ်းဖြစ်ဖို့အတွက် ကန်းပေးလိုက်ရတဲ့
ဆင်တစ်ကောင်တောတိုးပြီးမှ ဖြစ်လာတာပါဗျ.............။
လူအမျိုး စိတ်အမျိုးမျိုး ပါးစပ်အမျိုးမျိုး
အစားသောက် အမျိုးမျိုး........
အမျိုးမျိုးသော အမျိုးမျိုးတွေထဲ...
ရွှေရှိ ငွေရှိမှ တော်ချင်ကြတဲ့ ဆွေမျိုးများ
ပိုက်ဆံစိမ်ထားတဲ့ သွေးက ကျဲတယ်ဗျ....။
အဲ့ဒီလိုနဲ့...................
နေ့ရက်တစ်ရက်ကို မဖမ်းဆုပ်နိုင်ခဲ့ဘူး................။

0 comments:

Post a Comment