hover animation preload

အစွန်းထွက် ရင်ဘတ်.............
by ဇီဇာ in

အားလုံးကို ......
ဒဲ့ကြီး လိုက်ခံစားပေးခဲ့တဲ့ ငါပဲ
နောက်ဆုံး ကိုပေါကြီး လုံးလုံးဖြစ်လို့
စိတ်ဓါတ်ကိုက မူမမှန်ကြတာလား
ဇါတ်ညွှန်းပဲ ကောင်းကြတာလား
ငါကပဲ အ,လွန်းတာလား....
ပေးသမျှ အားလုံးကို လက်ခံ ယူခဲ့
ရင်ဘတ်နဲ့ မမျှတဲ့အခါ ရူး.....
ကျုပ် တူးခါးနေပြီ..........။

အချစ်တဲ့လားဗျ......
နားဝမှာ ခါးတယ်....
တော်စမ်းပါ ရွှေရည်စိမ်ရင်ဘတ်နဲ့
အရောင်တင်ထားတဲ့ ချစ်ခြင်းရဲ့
သံပါတ်ပေးထားတဲ့ ရင်ခုန်မှုမျိုးနဲ့
ခင်ဗျားတို့ ပါးစပ်ဖျားမှာ ရေပန်းစားနေကြတာ....
အချစ်တဲ့လားဗျ..........
နှလုံးသား နောက်လွန်းလို့...........။

ပွန်းပဲ့ လွယ်တတ်တာကိုက မကောင်းတာ
ထစ်ခနဲ့ ဆို ရင်ဘတ်ထဲ စူးနစ်သွားတယ်
ငါ့ကို ဘာသားနဲ့များ ထုခဲ့တာလည်း
နည်းနည်းမှ အထိခိုက် မခံနိုင်ဘူး
အားနည်းတတ်လွန်းတဲ့ စိတ် စေတသိုက်က
ကိုယ့်ရင်ဘတ် ကိုယ် ဖိအားပေးနေတယ်
စိတ်လွတ်ကိုယ်လွတ် ဖြစ်တည်မှုမဲ့
ဘယ်လိုအရာတွေကများ .........
ငါ့ကို အုပ်မိုးထားတာလည်း.........။

ရူးပါ့ကွာ..........
ပြာနှမ်းနေတာပဲ.........
ကိုယ့်ကိုကိုယ် ရူးလို့ ရူးမှန်းမသိ
အလိုက်ကန်းဆိုးမသိ ခြားနားခြင်းမသိ
မနက်ဖြန် နေထွက်ရင်တောင် မိုးလင်းမှန်းမသိ
အနာဂတ်ကို ထိုင်စောင့်နေရင်း
ကုန်ဆုံးခြင်းတွေကို မသိ......
လွန်ထွက်သွားတဲ့ ကာလံယန္တရား နောက်မှာ
အချစ်ဆိုတာကို..........
တဲအိုပျက်မှာ ထမင်းကြမ်းခဲနဲ့ ထိုင်စောင့်နေတတ်ခဲ့
အဲ့လို ရူးတတ်တဲ့ ကျုပ်က........
ဘောင်မ၀င်တဲ့ နောက်.....
ကိုပေါကြီးကို ဖြစ်လို့........။

0 comments:

Post a Comment